မေးလေ့ရှိသောမေးခွန်းများ

Go Transit ဆိုတာ ဘာလဲ။

GO Transit က မြန်မာ့မီးရထားမှ ပြေးဆွဲပေးနေတဲ့ ခရီးစဉ်လမ်းကြောင်းကို တစ်နေရာတည်းမှာပဲ အလွယ်တကူ ကြည့်ရှုနိုင်အောင် စုစည်းပေးထားတဲ့ အကျိုးအမြတ်အတွက်မဟုတ်တဲ့ mobile application လေးတစ်ခုပဲ ဖြစ်ပါတယ်။ ဒီမှာဆိုရင် ခရီးစဉ်လမ်းကြောင်းတွေ ၊ လက်မှတ်နှုန်းထား နဲ့ ဘူတာစဉ်တွေကို ကြည့်ရှုနိုင်မှာပဲဖြစ်တယ်။


ဘယ်လို သုံးရတာလဲ။

GO Transit App ကို အဆင့် (၃) ဆင့်တည်းနဲ့ အလွယ်တကူ သုံးလို့ရပါတယ်။ အဆင့်(၁) မိမိဖုန်းထဲက browser ကနေတစ်ဆင့် https://go-transit.glideapp.io ထဲဝင်ရောက်ပါ။ အဆင့်(၂) ခရီးစဉ် လမ်းကြောင်းတွေ မြင်တွေ့ရမှာဖြစ်ပြီး မိမိသိလိုတဲ့ လမ်းကြောင်းကို နှိပ်လိုက်ပါ။ အဆင့်(၃) ခုဆိုရင် ခရီးစဉ်နဲ့ ပတ်သတ်ပြီး အချက်အလက်တွေ ကြည့်လို့ရပြီနော်။ တစ်ခုခု အဆင်မပြေတာရှိရင် အက်မင်တို့ကို မေးကြည့်လို့ရပါတယ်ရှင့်။


ရက်ကြိုနှင့်နေ့ချင်းလက်မှတ် ဘယ်လိုဝယ်ရမလဲ။

အထက်တန်း ရက်ကြိုလက်မှတ်များကို (၃)ရက်ကြိုတင်၍သော်လည်းကောင်း၊ ရိုးရိုးတန်းရက်ကြို လက်မှတ်များကို (၁)ရက်ကြိုတင်၍သော်လည်းကောင်း ရောင်းချပေးလျက်ရှိပါသည်။ အထက်တန်း ရက်ကြိုလက်မှတ်များအတွက် ခရီးသွားမည့်သူ တစ်ဦးအပါအဝင်(၃)စောင်၊ ရိုးရိုးတန်းရက်ကြို လက်မှတ်များအတွက် ခရီးသွားမည့်သူအပါအဝင်(၅)စောင် ရောင်းချပေးလျက်ရှိပါသည်။ လက်ကျန် နေ့ချင်းလက်မှတ်များကို ရထားထွက်မည့်နေ့ နံနက်(၀၇:၀၀)နာရီမှ ရထားမထွက်မီ (၁၀)မိနစ် အလိုအထိ ခရီးသွားမည့်သူကိုယ်တိုင် တစ်ဦးကိုတစ်စောင်သာ ရောင်းချပေးလျက်ရှိပါသည်။


လက်မှတ် ဘယ်ချိန်တွေရောင်းတာလဲ။

ရန်ကုန်ဘူတာကြီး၊ မန္တလေးဘူတာကြီး၊ မော်လမြိုင်ဘူတာကြီးနှင့် ပြည်ဘူတာကြီးတို့တွင် ရက်ကြိုလက်မှတ်ရောင်းချိန်အဖြစ် နံနက် (၀၇:၀၀)နာရီမှ (၁၂:၀၀)နာရီအထိ ၊ နေ့လည်(၁၃:၀၀) နာရီ မှ (၁၅:၀၀)နာရီအထိသတ်မှတ်၍ ရောင်းချပေးလျက်ရှိပါသည်။ လက်ကျန်နေ့ချင်းလက်မှတ်များကို ရထားထွက်မည့်နေ့ နံနက်(၀၇:၀၀)နာရီမှ ရထားမထွက်မီ (၁၀)မိနစ် အလိုအထိ ရောင်းချပေးပါသည်။ စာပို့ရထားရပ် ဘူတာငယ်များ ရထားမဆိုက်ရောက်မီ မိနစ်(၃၀)ကြိုတင်၍ ရောင်းချပါသည်။ လမ်းခရီးအမြန်ရထားရပ် ဘူတာကြီး များ ရထားမဆိုက်ရောက်မီ (၂)နာရီ ကြိုတင်၍ ရောင်းချပါသည်။


အိမ်မွေးတိရစ္ဆာန်တွေ တင်လို့ရမလား။

အိမ်မွေးတိရစ္ဆာန်များအား လူစီးရထားတွဲများတွင် တင်ဆောင်ခွင့်မပြုပါ။ အကယ်၍ တင်ဆောင်လိုပါက လှောင်အိမ်တွင် ထည့်သွင်း၍ ပိုင်ရှင်တာဝန်ဖြင့် တန်ဆာရေးဆွဲပြီး ရထားထိန်းတွဲတွင် တင်ဆောင်နိုင်သည်။


ခုပဲ ဒေါင်းလုပ် ရယူလိုက်ပါ။

... ...