ကုန်စည်ပို့ဆောင်ခနှုန်းထားများ

မြန်မာ့မီးရထား ပို့ဆောင်ခ နှုန်းထား

Photo by Hironobu Fukuman on Unsplash

၁။ မြန်မာ့မီးရထားမှ ကုန်စည်ပို့ဆောင်ရေးဆိုင်ရာနှုန်းထားများကို (၁.၇.၂၀၂၂)ရက်နေ့မှစ၍ အောက်ပါ နှုန်းထားဖြင့် တန်ဆာခ ကောက်ခံမည်ဖြစ်ပါသည်-

၂။ ကုန်ရထားများတွင် တွဲလုံးပြည့်တင်ပို့မှုအတွက် မည်သည့်ကုန်ပစ္စည်းမဆို

စဉ် ရထား

အမှတ်

လမ်းပိုင်း တွဲအမျိုး

အစား

တစ်တန်တစ်မိုင်နှုန်း(ကျပ်)
အဆန် အစုန် ပေါင်း
၉၁၃/၉၁၄ ရန်ကုန်-

မန္တလေး-

ရန်ကုန်

GBHV(AAR) ၃၄ ၄၁ ၇၅
၉၀၁/၉၀၂ MBHAH

SMBV
WB

MBDHV

၂၃ ၃၇ ၆၀
၉၃၇/၉၃၈ မန္တလေး-မြစ်ကြီးနား-မန္တလေး GBHAH ၇၅ ၇၅
ဝင်းကူး

ကုန်ရထား

WBCXH

WBH

SMBV

၆၀ ၆၀
စီးပွားကျောက်

(၆၈၁ မှ ၆၈၄)

တိုင်း(၈)

ဒေသမှ ရန်ကုန်

SMBV ၄၅ ၄၅

မှတ်ချက်။

(၁) အထက်ပါ အဆန်/အစုန် ကောက်ခံရမည့် လမ်းပိုင်းအလိုက်၊ ရထားအလိုက် တန်ဆာခ နှုန်းထားများအား စက်သုံးဆီဈေးနှုန်းအပါအဝင် အခြားသယ်ယူ ပို့ဆောင်ခ နှုန်းထားများအပေါ် မူတည်၍ ပြောင်းလဲနိုင်မည်ဖြစ်သဖြင့် ပြောင်းလဲ ရမည့်အခြေအနေရှိပါက ဦးဆောင်ညွှန်ကြားရေးမှူးရုံး၏ ခွင့်ပြုချက်ဖြင့် ဤရုံးမှ ထုတ်ပြန်သွားမည်ဖြစ်သည်။ (၂) AAR အမျိုးအစား၊ GBHV, GBHAH တွဲများ၊ ABC အမျိုးအစား GBHV တွဲများ အသုံးပြု ပြေးဆွဲသော ရထားများအား ကုန်အမြန်ရထားအဖြစ် သတ်မှတ်သည်။ (ရန်ကုန်-မန္တလေး လမ်းပိုင်းတွင် အမှတ်(၉၁၃) အဆန်၊ မန္တလေး-မြစ်ကြီးနား လမ်းပိုင်းတွင် အမှတ်(၉၃၇) အဆန်) (၃) တွဲလုံမဟုတ်သော အခြား AAR တွဲအမျိုးအစားအားလုံးနှင့် GBHV မဟုတ်သော ABC တွဲအမျိုးအစားများ အသုံးပြုပြေးဆွဲသောရထားများကို ကုန်အနှေးရထား အဖြစ် သတ်မှတ်သည်။ (၄) ရန်ကုန်-တိုင်း(၈)လမ်းပိုင်း ပြေးဆွဲနေသော စီးပွားကျောက်ရထားများအတွက် တန်ဆာခ အပြင် တွဲလွတ်ဆွဲခကောက်ခံမည်။ (၅) တွဲလွတ်ဆွဲခအား (၈)ဘီးတွဲ တစ်တွဲလျှင် တစ်တွဲတစ်မိုင်(၂၅၀/-) ကျပ် ကောက်ခံမည်။

အခြားကောက်ခံရမည့်နှုန်းထားများ

၁၀။ တန်ဆာနှင့်အတူ ကောက်ခံရမည့် အခြားအခနှုန်းထားများမှာ အောက်ပါအတိုင်းဖြစ်ပါသည်-

(က) ဆိုက်ဒင်ခ(Siding Charges)

(၁) သာမန်ဆိုက်ဒင်ခ

လေးဘီးတွဲတစ်တွဲ ၁၅၀၀ ကျပ် ရှစ်ဘီးတွဲ၊ ဗထက်ချိုင့်(Well Wagon)တွဲတစ်တွဲ ၃၀၀၀ ကျပ် (၂) အထူးဆိုက်ဒင်ခ

လေးဘီးတွဲတစ်တွဲ ၆၀၀၀ ကျပ် ရှစ်ဘီးတွဲ၊ ဗထက်ချိုင့်(Well Wagon)တွဲတစ်တွဲ ၁၂၀၀၀ ကျပ် (၃) သစ်လုံးနှင့် သစ်ခွဲသားများ တင်ပို့ခြင်းအတွက် ရန်ကုန်ဒေသအထူးဆိုက်ဒင်ခ

ရှစ်ဘီးတွဲ၊ ဗထက်ချိုင့်(Well Wagon)တွဲတစ်တွဲ ၁၈၀၀၀ ကျပ် (ခ) တွဲလွတ်ဆွဲခ။ ရန်ကုန်-တိုင်း(၈)လမ်းပိုင်း ပြေးဆွဲနေသော စီးပွားကျောက်ရထားများ အတွက် တန်ဆာခအပြင် တွဲလွတ်ဆွဲခ ကောက်ခံရမည်။ တွဲလွတ်ဆွဲခအား (၈)ဘီးတွဲ တစ်တွဲလျှင် တစ်တွဲတစ်မိုင်(၂၅၀/-)ကျပ် ကောက်ခံရမည်။ တွဲလွတ်ဆွဲခကို အောက်ပါ အတိုင်း ကောက်ခံရမည်-

လေးဘီးတွဲတစ်တွဲ တစ်မိုင် ၁၂၅ ကျပ် ရှစ်ဘီးတွဲ၊ ဗထက်ချိုင့်(Well Wagon)တွဲတစ်တွဲ တစ်မိုင် ၂၅၀ ကျပ် (ဂ) တွဲညောင်းခ။ ကုန်တွဲများ အတင်/အချ ကြန့်ကြာမှုမရှိစေရေးကို ရည်ရွယ်၍ တွဲညောင်းခ အဖြစ် အောက်ပါအတိုင်း ကောက်ခံရန်-

လေးဘီးတွဲတစ်တွဲ တစ်ရက် ၃၀၀၀၀ ကျပ် ရှစ်ဘီးတွဲ၊ ဗထက်ချိုင့်(Well Wagon)တွဲတစ်တွဲ တစ်ရက် ၆၀၀၀၀ ကျပ် (ဃ) ကုန်ဒဏ်။ လက်ထိုးကုန်/ကုန်သေးတင်ဆောင်ခြင်းတွင် ကုန်ဒဏ်ကောက်ခံရန် ကျသင့် ပါက (၂၅)ပိဿာအတွက် တစ်ရက်လျှင် (၃၀၀)ကျပ်နှုန်း ကောက်ခံရမည်။

(င) တွဲရေဆေးခ။ ကုန်တွဲများ ရေရှည်အသုံးပြုနိုင်ရေးကို ရည်ရွယ်၍ တွဲများ စွန်းထင်းညစ်ပေ စေသော အောက်ဖော်ပြပါ ကုန်ပစ္စည်းများ တင်ဆောင်သည့်အခါ တွဲရေဆေး ကြောသန့်ရှင်းခအဖြစ် တွဲလုံးပြည့်/လက်ထိုးကုန်သေး တင်ဆောင်ခြင်းများ အတွက် (၄)ဘီးတွဲ(၁)တွဲလျှင် (၁၀၀၀/-)ကျပ်နှုန်း၊ (၈)ဘီးတွဲ(၁)တွဲလျှင်(၂၀၀၀/-) ကျပ်နှုန်း ဖြင့် ကောက်ခံရမည်-

(၁) ပိုးသတ်ဆေး၊ (၂) ဓာတ်မြေဩဇာ၊ (၃) စက်ဆီ၊ ချောဆီ၊ ဒီဇယ်ဆီ၊ ဓာတ်ဆီ၊ ရေနံဆီ၊ (၄) ကြေးနီမှုန့်၊ ပွန်းစားတတ်သည့် တွင်းထွက်ကုန်ကြမ်းပစ္စည်းများ၊ (၅) ဆား၊ (၆) ငါးပိ၊ ငံပြာရည်၊ ငါးဆားနယ်၊ (၇) တိရစ္ဆာန်များ။ (စ) စက်ခေါင်းနှင့်တွဲငှားရမ်းခ။ ရထားစက်ခေါင်းနှင့် ကုန်တွဲများ ငှားရမ်းအသုံးပြုခြင်း အတွက် အောက်ပါအတိုင်း ကောက်ခံယူရန်-

စဉ် စက်ခေါင်း/တွဲ တစ်ရက်ငှားရမ်းခ

(၁) ဒီဇယ်စက်ခေါင်း(၂၀၀၀ အား) ၂၂၅၀၀၀ ကျပ်

(၂) ဒီဇယ်စက်ခေါင်း(၁၆၀၀/၁၅၀၀/၁၃၀၀ အား) ၁၉၅၀၀၀ ကျပ်

(၃) ဒီဇယ်စက်ခေါင်း(၁၂၀၀/၁၁၀၀/၉၀၀ အား) ၁၆၅၀၀၀ ကျပ်

(၄) ဒီဇယ်စက်ခေါင်း(၅၀၀ အား) ၁၃၅၀၀၀ ကျပ်

(၅) ကုန်တွဲ/ဘရိတ်တွဲ(လေးဘီး) ၃၀၀၀၀ ကျပ်

(၆) ကုန်တွဲ/ဘရိတ်တွဲ(ရှစ်ဘီး) ၆၀၀၀၀ ကျပ်

မှတ်ချက်။ (၁) တစ်ရက်(၂၄-နာရီ)မပြည့်ပါကလည်း တစ်ရက်နှုန်းထား ကောက်ခံ ရမည်။

(၂) စက်ခေါင်းငှား/တွဲငှားခြင်းကို အထွေထွေမန်နေဂျာ(စီးပွားရေး)၏ ခွင့်ပြုချက် ဖြင့်သာ ဆောင်ရွက်ရမည်။

(ဆ) ကရိန်းငှားရမ်းခ။ မြန်မာ့မီးရထားပိုင် ကရိန်းများအား ငှားရမ်းအသုံးပြုခြင်းအတွက် ငှားရမ်းခနှုန်းထားများမှာ အောက်ပါအတိုင်းဖြစ်ပါသည်-

(၁) ဒီဇယ်ကရိန်း(၃၅)တန်အထက်(ဆီဖိုးမပါ) တစ်ရက် ၄၀၀၀၀၀ ကျပ်

(၂) ဒီဇယ်ကရိန်း(၃၀/၃၅)တန် (ဆီဖိုးမပါ) တစ်ရက် ၃၀၀၀၀၀ ကျပ်

(၃) ရေနွေးငွေ့ကရိန်း(၃၀/၃၅)တန် (ဆီဖိုးမပါ) တစ်ရက် ၃၅၀၀၀၀ ကျပ်

(ဇ) ကုန်သေတ္တာ(Container)များအတွက် ကရိန်းငှားရမ်းခ။ အောက်ပါအတိုင်းဖြစ်ပါသည်-

(၁) ပေ(၂၀)ကုန်သေတ္တာကုန်ပြည့်ဖြင့် တစ်ကြိမ်မ ၂၀၀၀၀ ကျပ်

(၂) ပေ(၂၀)ကုန်သေတ္တာကုန်မပါ(အလွတ်) တစ်ကြိမ်မ ၁၂၀၀၀ ကျပ်

(၃) ပေ(၄၀)ကုန်သေတ္တာကုန်ပြည့်ဖြင့် တစ်ကြိမ်မ ၄၀၀၀၀ ကျပ်

(၄) ပေ(၄၀)ကုန်သေတ္တာကုန်မပါ(အလွတ်) တစ်ကြိမ်မ ၂၄၀၀၀ ကျပ်

(ဈ) ကုန်သေတ္တာ(Container)ထားသိုခ။ မြန်မာ့မီးရထားပိုင်မြေနေရာများတွင် ကုန် သေတ္တာ (Container)ကုန်ပြည့်/အလွတ်ထားရှိပါက စီးပွားရေး ဌာနမှ သတ်မှတ်ထားသည့် နှုန်းထားအတိုင်း ကောက်ခံ ရမည်။

၁၁။ လတ်တလော ကုန်ရထားပြေးဆွဲပေးနေသည့် ရထားလမ်းပိုင်းများ

(က) ရန်ကုန်-မန္တလေးလမ်းပိုင်း၊

(ခ ) ရန်ကုန်-မော်လမြိုင်လမ်းပိုင်း၊

(ဂ ) ရန်ကုန်-ပြည်လမ်းပိုင်း။

၁၂။ လမ်းပိုင်းတစ်ခုချင်းအလိုက် ကုန်ရထားဖြင့် ကုန်တင်ဆောင်ရာတွင် ကျသင့်မည့် တန်ဆာခများ-

၁၃။ ကုန်တင်ဆောင်လိုခြင်းနှင့်ပတ်သက်၍ အောက်ပါဖုန်းနံပါတ်များသို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင် ပါသည်-

(က) ဒုတိယအထွေထွေမန်နေဂျာ(ကုန်စည်)၊ မြန်မာ့မီးရထား(ရုံးချုပ်)၊ နေပြည်တော်၊

ဖုံး။ ၀၆၇-၈၀၇၇၀၈၅

(ခ ) ကုန်စည်ဌာန၊ မြန်မာ့မီးရထား(ရုံးချုပ်)၊ နေပြည်တော်၊ ဖုန်း ။ ၀၆၇-၈၀၇၇၁၆၉

ခုပဲ ဒေါင်းလုပ် ရယူလိုက်ပါ။

... ...